မင်္ဂလာပါ ။
ဒီတစ်ခေါက်တော့ ရောက်ခဲလှတဲ့ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းလားမြို့ကို အလည်ခေါ်သွားပါမယ် ။
မိုင်းလားမြို့ကို အထူးဒေသ ၄လို့လည်း ခေါ်ကြပါသေးတယ် ။
ကျွန်မကတော့ ကျိုင်းတုံကနေ နေ့ချင်းပြန်ဆိုင်ကယ်နဲ့သွားခဲ့တာပါ ။
လိုင်းကားနဲ့သွားရင် နေ့ချင်းပြန်မရှိပါဘူး ။ ားခက တစ်ကြောင်းသာကို ယွမ် ၂၀၀မလို့ တစ်သိန်းနီးနီးကျပါတယ် ။
အခု တာပင်းဂိတ်ဖွင့်သွားပြီမလို့ သွားချိန် ၃နာရီလောက်နဲ့ရောက်တာပါ ။
တခြားလမ်းကဆို ကားနဲ့တောင် ၆နာရီလောက်မောင်းရတာမို့ နေ့ချင်းပြန် မရောက်ပါဘူး ။
မိုင်းလားမသွားခင် တရုတ်ယွမ်ငွေလဲသွားပါ ။
ပြီးရင် mobile networkက Rနဲ့တက်တာမို့ အဲ့မှာ phပြောမိရင် နိုင်ငံခြားcallလို စျေးကြီးပါလိမ့်မယ် ။
လည်စရာကတော့ အများကြီးပါပဲ ။
လမ်းမှာလည်း ရှေးဟောင်းရွာတစ်ရွာရှိပြီး ဝါးနမ့်ဝါးလျှံကျောင်းရှိတာမလို့ ရောက်တုန်းရောက်ခိုက် သေချာပေါက်ဝင်လေ့လာခဲ့ပါ ။
ကျွန်မကတော့ ၂သိန်းလောက်ကုန်ကျခဲ့ပါတယ် ။
ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ် ။
ဟုတ်ကဲ့! ကျွန်မ မလှိုင်းပါ..(read more)
CHECK OUT MORE: Travel Vlogs
EXPLORE MORE: Travel Tips